• GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048

  • GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048

  • HIKVISION CCTV TRAINING TACHILEIK

    GTB မှပထမဆုံးအကြိမ်ပြုလုပ်သော CGSA Certificate (HIKVISION CCTV TRAINING TACHILEIK)ကိုအောင်မြင်စွာကျင်းပပြီးစီးကြောင်း May 20 2023

Hotel Guest Room တွေမှာ Wall AP ကိုဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ?

 


Hotel Guest Room တွေမှာ Wall AP ကိုဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ? 

+++++++++++++++++++++ 

😲မိတ်ဆွေအနေနဲ့ နံရံထူတဲ့အခန်းဖွဲ့စည်းမှုရှိတဲ့ ဟိုတယ်တချို့မှာ Ceiling AP တပ်ဆင်အသုံးပြုလို့ အဆင်မပြေဖြစ်နေလား .. ? ဒါဆိုရင်တော့ ဒီပို့စ်လေးကို အဆုံးထိ ဆက်ဖတ်ပါ.. ဒီပို့စ်လေးမှာ Wall AP ဘာကြောင့် အသုံးပြုသင့်လဲဆိုတာ ဝေမျှပေးမှာဖြစ်လို့ မိတ်ဆွေတို့အတွက် များစွာ အထောက်အကူပြုမယ်ဆိုတာ အသေချာပါပဲ.. 

😮Ceiling AP တွေဟာ သာမန် အထူရှိတဲ့ အခန်းမျိုးကို ကောင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပေမယ့် အရမ်းထူတဲ့ အခန်းဖွဲ့စည်းပုံမျိုးတွေမှာ အခန်းတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အရမ်းကို ခက်ခဲပါတယ်။ တချို့ ဟိုတယ်တွေမှာတော့ Budget ကြည့်ပြီး ဝိုင်ဖိုင်နည်းနည်း သုံးလို့ရရင် ပြီးရောဆိုတာမျိုး တွေးပြီးတော့ Customer Experience ကောင်းသည် ၊ ဆိုးသည်ကို သိပ်မကြည့်တတ်ကြတာမျိုးလဲရှိပါတယ်။ ကျွန်တော်လည်း ဟိုတယ် တော်တော်များများမှာ ကြုံဖူးပါတယ်။ အခန်းထဲမှာ တံခါးပိတ်လိုက်တဲ့အခါ Zoom ဆက်သုံးလို့မရတော့တာမျိုး၊ အဝိုင်းလည်တာမျိုးတွေပါ.. တကယ်တော့ ဒီပြဿနာတွေဟာ လာရောက်တည်းခို၊ လည်ပတ်တဲ့ Customer တွေကို များစွာ စိတ်အနှောက်ယှက်ဖြစ်စေပါတယ်။ နောက်တခုအနေနဲ့ ယနေ့လို IT ခေတ်ကြီးမှာ ဟိုတယ် တခုရဲ့ Image ဟာ ဝိုင်ဖိုင် ဘယ်လောက်ကောင်းသလဲဆိုတာ အပေါ်များစွာ မှီတည်နေပါတယ်။ တချို့ ဟိုတယ်တွေဆို Bad Review ပေးခံရတာမျိုးတောင်ရှိလို့နေပါတယ်။ 

👌Wall AP လို့ပြောလိုက်ရင် များသောအားဖြင့် ကျွန်တော်တို့ SI / Instaler ညီကို မောင်နှမတွေအနေနဲ့ နံရံကပ် AP လို့သာ မြင်တတ်ကြပါတယ်။ တကယ်တော့ WAll AP တွေဟာ နံရံကပ် AP တလုံးထပ်ပိုတဲ့ ထူးခြားမှု / အားသာချက်တွေ ရှိလို့နေပါတယ်။ ဒါ့ကြောင့်လဲ နိုင်ငံတကာမှာရှိနေတဲ့ ဟိုတယ် အိပ်ခန်းအများစုမှာ Wall AP တွေကို International Standard အဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါဆို Wall AP မှာ ဘာဘားသာချက်တွေရှိလဲ .. ?  ပထမဆုံး အချက်အနေနဲ့ကတော့ ကျွန်တော်တို့ SI / Installer တွေအနေနဲ့  Wall AP ကိုရွေးချယ်အသုံးပြုခြင်းအားဖြင့် Coverage ပိုင်းနဲ့ Internet အသုံးပြုရတဲ့ အပိုင်းတွေမှာ သိသိသာသာ အဆင်ပြေလာတာမျိုးတွေ့ရပါလိမ့်မယ် .. အခန်းတံခါးပိတ်ထားပေမယ့်လည်း ဝိုင်ဖိုင်မကောင်းမှာ ၊ အင်တာနက် သုံးလို့မရမှာ စတာတွေကို ပူစရာမလိုတော့ပါဘူး. Wall AP တွေဟာ အခုလို သာမန်မဟုတ်တဲ့ အလွန်ထူတဲ့ အခန်းဖွဲ့စည်းပုံမျိုးအတွက် အထူးကို သင့်တော်ပါတယ်။ နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ Customer တွေရဲ့ စိတ်ကြေနပ်မှုကို ရရှိနိုင်ပြီး ကိုယ့်ဆီမှာ Loyal Customer တွေများများရှိလာနိုင်ဖို့ ၊ မိမိ ဟိုတယ် Rating ကောင်းကောင်းရနိုင်ဖို့လည်း များစွာ အထောက်အကူ ဖြစ်စေမှာပါ..    

👌ဒီနေရာမှာ တချို့တော်တော်များများရဲ့ concern ကတော့ Budget ပြဿနာပါ။ ကျွန်တော် Solution ပေးလိုက်ရင်လည်း များသောအားဖြင့် SI ညီကိုမောင်နှမတွေအနေနဲ့ budget ကိုကြည့်ပြီး နောက်ဆုံးမှာ Ceiling AP ကိုသာ ရွေးသွားတာမျိုးရှိပါတယ်။ ဒါကလည်း တချို့ ပရောဂျက်တွေမှာ ဝိုင်ဖိုင်ပဲလုပ်ရတာမျိုး၊ Budget များများမချပေးတာမျိုးတွေကြောင့် မရွေးဖြစ်တာမျိုးလဲဖြစ်နိုင်ပါတယ်။ သို့သော် ဟိုတယ် အသစ်တခု (သို့) Migration လုပ်ရမယ့် အခါမျိုးမှာတော့ Wall AP ကို အသုံးပြုသင့်ပါတယ်။ ဟိုတယ် အများစု Migrate လုပ်ချင်တာသည် နံပါတ် ၁ အနေနဲ့ လိုင်းမကောင်းတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိအနေနဲ့ ဝိုင်ဖိုင် လွှမ်းခြုံမှုကောင်းမွန်ပြီး ပြတ်တောက်ခြင်းမရှိတဲ့ အင်တာနက် အတွေ့အကြုံပေးစွမ်းနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမျိုးမှာ Wall AP ကို ရွေးချယ်သင့်ပါတယ်။ Bonus Tip အနေနဲ့ ထပ်ပြီး အကြံပြုချင်တာကတော့ မိမိ Migrate လုပ်ရမယ့် ဟိုတယ်အခန်းတွေမှာ RJ45 Port အနည်းဆုံး 1 Port ရှိလားဆိုတာ အရင်ဆုံး ကြည့်ပါ။ များသောအားဖြင့်တော့ IP ဖုန်းသုံးထားတယ်ဆိုရှိနေတတ်ပါတယ်။ တချို့တွေကတော့ customer တွေအတွက် သီးသန့်ထားပေးထားတာမျိုးလဲရှိပါတယ်။ ဒီ Port ကို အသုံးချပြီး  ကျွန်တော်တို့ ညီကိုတွေ အနေနဲ့ Wall AP ကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကြိုးလဲထပ်ဆွဲစရာမလိုတော့ပါဘူး.. ဒါ့ကြောင့် ဒီလို Solution ကိုလည်း အကြံပြုပေးနိုင်ဖို့ idea ပေးလိုက်ရပါတယ်။ 

👌အကယ်၍ ကိုယ်က ဟိုတယ် အသစ်ကို တာဝန်ယူရတယ်ဆိုရင်တော့ Wall AP တွေဟာ ပိုပြီးသင့်တော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ Wall AP တွေမှာ ပါဝင်တဲ့ LAN Port တွေကနေပြီးတော့လည်း IPTV ၊ IP Phone Service တွေအပြင် တချို့ လနဲ့ချီငှားနေကြသူများအတွက်လည်း LAN Cable ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် Cabling Cost ကိုလည်း Reduce ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Wall AP ကို ပါဝါ/ ဒေတာ ပေးနိုင်ဖို့ပဲ စဉ်းစားဖို့လိုပါတယ်။ အခြား IP device တွေကို patch Cord လေးသာ ဝယ်ပြီး ထပ်တိုးအသုံးပြုလို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန််တော်တို့အနေနဲ့ IP Phone အတွက် ကြိုးတွေ သီးသန့်ဆွဲနေဖို့ မလိုအပ်တော့ပါဘူး၊ တချို့သော ကျွန်တော်တို့ Wall AP တွေမှာ PoE Out ပါထောက်ပံ့ပေးထားလို့ IP Phone အတွက် ပါဝါ ပေးထားနိုင်ပါသေးတယ်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မီးပျက်ခဲ့သည်ရှိသော် Network ပိုင်းမှာ ရှိတဲ့ Infra မှာ UPS တွေကို အသုံးပြုကြလေ့ရှိတာကြောင့် အရေးအကြောင်းဆို IP Phone က ဆက်လက်အသုံးပြုနေနိုင်တဲ့အတွက် မိမိလိုအပ်တဲ့ emergency call ကို အလွယ်တကူ ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ 

👌တချို့ customer တွေဟာ Budget ကြည့်လေ့ရှိတာ ကျွန်တော်ရဲ့ ၇ နှစ် ၈ နှစ်တာ အတွေ့အကြုံအရလည်း သိရှိထားပြီးဖြစ်ပါတယ်။ သို့သော် SI/Installer ကျွမ်းကျင်ပညာရှင်များအနေနဲ့  csutomer တွေကို နားလည်လက်ခံနိုင်အောင် နည်းပေး၊ လမ်းပြ ၊ အကြံပြုတာမျိုးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အခုလို သာမန်ထက် ပိုထူတဲ့ နံရံဖွဲ့စည်းမှုရှိတဲ့ အခန်းတွေမှာ ceiling AP တွေကိုပဲတပ်ဆင်အသုံးပြုမယ်ဆိုရင်တော့ လိုင်းသုံရအဆင်မပြေတဲ့အခါမျိုးမှာ ကိုယ့်ကြောင့်ဆိုပြီး ပြောလာနိုင်တာမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် မိမိတို့ ပညာရှင်များအနေနဲ့ တတ်နိုင်သလောက် customer တွေကို ဆွေးနွေးအကြံပြုသင့်ကြောင်းလဲ ချစ်ခင်စွာ မျှဝေပေးလိုက်ပါတယ်။ 

👇ဆိုတော့ မိတ်ဆွေတို့ရော.. WALL AP တွေကို သုံးနေပြီလား .. ရှိတယ်ဆိုရင်..  Yes လို့ comment မှာ ရေးခဲ့လို့ရပါတယ်.. တကယ်ကို ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး Congratulations တခါတည်းလုပ်ပေးလိုက်ပါတယ်.. နောက်ထပ် ညီကိုတို့ အနေနဲ့ ဘယ်လို content မျိုး တွေ ဖတ်ချင်လဲဆိုတာလည်း comment မှာ  အကြံပြုခဲ့လို့ရပါတယ်.. အဆုံးထိဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။

Crd to https://web.facebook.com/ruijiemyanmar




Reyee ES200 Series [ Gigabit Smart Cloud Managed Switch ] - PoE Extension Function အားသာချက်



Reyee ES200 Series [ Gigabit Smart Cloud Managed Switch ] - PoE Extension Function အားသာချက်

Ruijie Reyee ES200 Series Smart Switch တွေဟာ Cloud Managed Support ပေးပြီး တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေ ၊ AP တွေရဲ့ Port Status တွေကိုလည်း Cloud ပေါ်မှာ မြင်နိုင်တဲ့အပြင် troubleshooting လုပ်ရာမှာလည်း မြန်ဆန်စေမယ့် PoE Reboot Function လဲ ပါဝင်တယ်ဆိုတာ မိတ်ဆွေတို့ အားလုံးသိရှိပြီး ဖြစ်မှာပါ.. ဒီပို့စ်လေးမှာတော့ ES200 Series Switch တွေရဲ့ ထူးခြားတဲ့ function တခုဖြစ်တဲ့ PoE Extension (သို့) long distance transmission ဆိုတဲ့ Cloud Feature လေးနဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ သတိမထားမိသေးတဲ့ ထူးခြားချက် / အားသာချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ ပို့စ်လေးကို အဆုံးထိ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်.. 

🎯Long Distance Transmission ( PoE Extension ) 

ဒီလိုဗျာ.. သာမန်အားဖြင့် Cat6 UTP Cable တွေဟာ ၁၀၀ မီတာ အတွင်းမှာသာ PoE  နဲ့ ဒေတာ ပေးပို့ / လက်ခံမှုတွေ ပြုလုပ်နိုင်တယ်ဆိုတာ မိတ်ဆွေတို့ သိရှိပြီးဖြစ်မှာပါ။ ဟုတ်ပါတယ်.. တချို့ဆို Performance ကျမှာစိုးရိမ်တာကြောင့်  ၆၀ ၊ ၇၀ မိတာလောက်သာ အသုံးပြုကြသူတွေလည်းရှိပါတယ်။ အကယ်၍ ကိုယ့် Network (သို့) CCTV Project မှာ မီတာ ၁၀၀ ကျော်တဲ့ အကွာအဝေးမှာ CCTV တပ်ဆင်ဖို့ လိုအပ်လာပြီဆိုပါတော့ ဘယ်လိုနည်းလမ်းတွေ သုံးရင်အဆင်ပြေမလဲ ? ဒါပေါ့ဗျာ.. ပထမနည်းကတော့ Switch ၁ လုံးဝယ်ပြီး မီတာ ၈၀ နားကနေ Switch ခံသုံးပြီး UTP Cable ကိုနောက်ထပ် မီတာ ၈၀၊ ၁၀၀ လောက်ထပ်သုံးလို့ရစေမယ့် ဖြေရှင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ Traditional နည်းလမ်းတခုဖြစ်ပြီး သုံးစွဲသူတွေ ၊ SI တွေဘက်က ကြည့်မယ်ဆိုရင်လည်း Switch ဖိုး၊ ကြိုးဖိုးတွေ  ပိုကုန်ပြီး ငွေကုန်ကြေးကျများလို့ မသင့်တော်လှပါဘူး.. ဒါ့ကြောင့် မီတာ ၂၀၀-၂၅၀ အကွာအဝေးအထိ ပါဝါ နဲ့ ဒေတာထောက်ပံ့ပေးနိုင်တဲ့ Switch တွေကို နောက်ပိုင်းမှာ အသုံးပြုလာပြီး ဒီအခက်အခဲကို ဖြေရှင်းလာကြတာဖြစ်ပါတယ်။  Ruijie Reyee ES200 series Switch တွေဟာလည်း PoE Extension (သို့) Long distance transmission ကို မီတာ ၂၀၀-၂၅၀ အထိ ထောက်ပံ့ပေးနိုင်တာကြောင့် မိတ်ဆွေတို့ရဲ့ CCTV/Network Project တွေမှာ အကယ်၍ ၁၀၀ မီတာ ကျော်တဲ့ Device တွေအတွက် တပ်ဆင်အသုံးပြုဖို့လိုအပ်ပါက ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပါတယ်။  

🎯PoE Extension အားသာချက် 

အပေါ်မှာတော့ ES200 Series Gigabit Smart Cloud Managed Switch တွေဟာ PoE Extension ကို ၂၀၀-၂၅၀ မီတာလောက်အထိ ထောက်ပံ့ပေးတယ်ဆိုတာ မိတ်ဆွေတို့ကို ပြောပြခဲ့ပြီးပါပြီ..ဒါဆို PoE Extension နဲ့ ပတ်သတ်ပြီး ES200 Switch  မှာ ဘယ်လို အားသာချက်တွေရှိလဲဆိုတာ မိတ်ဆွေတို့ သိချင်နေကြပြီဟုတ် ? ဒီလိုဗျ..  ES200 Series Switch တွေမှာ PoE Extenstion အသုံးပြုမယ်ဆိုရင် Port ၁ Port ချင်းစီ မိမိစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Port Group လိုက် Extension မဖြစ်သွားတဲ့အတွက် မလိုအပ်ဘဲ အခြား Port တွေ အရည်အသွေးကျဆင်းခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Port ကို PoE Extend လုပ်လိုက်ပြီဆိုရင် Port speed ကျသွားကြောင်း သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် ကိုယ်က ကင်မရာ ၁လုံးပဲတပ်ဖို့လိုတယ်ဆို ကိုယ်လိုအပ်တဲ့ ၁ port ကိုပဲ 

PoE Extend လုပ်တာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ Config လုပ်တဲ့အခါမှာလည်း Cloud ပေါ်ကနေ ကလစ် ၁ချက်နှိပ်ပြီး အလွယ်တကူ လုပ်ဆောင်နိုင်တာကြောင့် ဆိုက်ထဲသွားစရာမလိုအပ်ဘဲ Transportation Fees လဲသက်သာဦးမှာ ဖြစ်ပါတယ်။ 

🎯ES200 Series တွေဟာ အရည်အသွေးကောင်းမွန်ပြီး Cloud ကနေ CCTV/NVR အခြေအနေတွေကို အလွယ်တကူ Monitoring လုပ်နိုင်တာကြောင့် SI တိုင်းလိုလိုကြိုက် ကြတဲ့ Switch Series တခုလည်းဖြစ်ပါတယ်။ လိုအပ်ပါက 5Ports မှ စပြီး 6Port ၊ 8 Port၊ 10 Port ၊ 16 Port ၊ 24 Port တွေအထိ မိမိလိုအပ်ချက်အလိုက် ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ကြပါတယ်။ အာမခံ ၃ နှစ်ပေးထားပြီး စွမ်းဆောင်ရည်ပိုင်းအထူးကောင်းမွန်တာကြောင့် မိတ်ဆွေတို့အနေနဲ့  အထူးရွေးချယ်သင့်တဲ့ Switch အမျိုးအစားတခုဆိုတာ လုံးဝကို ငြင်းဆိုဖွယ်ရာ မရှိပါဘူး။ အဆုံးထိ ဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ.. 

မှတ်ချက် ။ ။ မည်သည့် ES200 Series အမျိုးအစား Switch Model မဆို PoE Extension ထောက်ပံ့ပေးထားပါတယ်။ 

Crd to https://web.facebook.com/ruijiemyanmar









Ruijie Reyee RG-EG105GW-X (WiFi6၊ AX3000)



Ruijie Reyee RG-EG105GW-X (WiFi6၊ AX3000)

စွမ်းဆာင်ရည်မြင့် All In One Business Wireless Router

#စားသောက်ဆိုင်တွေ ၊ ဘားတွေ၊ လက်ဘက်ရည်ဆိုင်တွေနဲ့ ဆိုင်ခွဲတွေအတွက် အရမ်းလဲ ငွေကုန်ကြေးကျမများချင်ဘူး၊ ကြိုးတွေဘာတွေ ဆွဲဖို့လဲ အဆင်မပြေဘူး၊ Concurrent User လဲများရမယ်၊ WiFi6 လည်းထောက်ပံ့ပေးရမယ့်အပြင် ပုံမှန် Gateway တွေလိုပဲ Captive Portal သုံးလို့ရပြီး အခြား Load Balancing နဲ့ VPN Function တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Ruijie Reyee ရဲ့ EG105GW-X Gateway လေးက မိတ်ဆွေတို့အတွက်ပါပဲ..  

#အလွယ်တကူ Coverage ထပ်မံတိုးချဲ့နိုင်ဖို့လဲ 1 Click Mesh Function ပါဝင်သေးလို့ AP တွေနဲ့ အလွယ်တကူ Mesh လုပ်နိုင်ဦးမှာဖြစ်ပါတယ်.. ဒါ့အပြင် မိမိရုံးခွဲတွေမှာရှိတဲ့ NVR/Camera/ Server တွေထဲကိုလည်း Public IP မလို၊ Port Forwarding လုပ်စရာမလိုဘဲ ဝင်ရောက်နိုင် ၊ Troubleshoot လုပ်နိုင်တဲ့ Intranet Access Function ကိုပါ အသုံးပြုနိုင်သေးတဲ့ All-In-One Router အမျိုးစားလေးပဲဖြစ်ပါတယ် 

  • 2976Mbps ၊ 180 Concurrent 
  • Balancing၊ VPN၊ Captive Portal ၊ Intranet Access ၊ Bandwidth Control ၊ Reyee Mesh ထောက်ပံ့၊  SSID လွှင့်နိုင် 
  • 3 Year Warranty ဖြစ်ပြီး စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင် ၊ ဘား နှင့် ဆိုင်ခွဲများအတွက် အထူးသင့်တော် 




HIKVISION (DS-2CD1053G0-I) 5 MP Fixed Bullet Network Camera

 


HIKVISION DS-2CD1053G0-I

5 MP Fixed Bullet Network Camera

  • 5 MP/4 MP Resolution နှစ်မျိုးရရှိသော အရည်အသွေးမြင့် ပုံရိပ်
  • ထိရောက်သော H.265+ ဖိသိပ်မှုနည်းပညာ
  • 120 dB WDR ကြောင့် ခိုင်ခံ့သော ကျောဘက်အလင်းရောင်ဖြင့်ပင် ကြည်လင်ပြတ်သားသော ပုံရိပ်
  • ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည် (IP67)
  • EXIR 2.0- IR အကွာအဝေး ရှည်လျားသော အဆင့်မြင့် အနီအောက်ရောင်ခြည် နည်းပညာ
  • -UF- အချိန်နှင့်တပြေးညီ အသံလုံခြုံရေးအတွက် Built-in မိုက်ခရိုဖုန်း




SPECIFICATIONS
CAMERA
Image Sensor1/2.7" Progressive Scan CMOS
Max. Resolution2560 x 1920
Min. IlluminationColor: 0.01 Lux @(F1.2, AGC ON), 0.028Lux @ (F2.0, AGC ON)
Shutter Speed1/3 s to 1/100,000 s
Day &NightIR Cut Filter
Pan/TiltPan: 0° to 355° , tilt: 0° to 75° 
LENS
Focal LengthFixed focal lens, 2.8 and 4 mm optional
Focal Length & FOV2.8 mm, horizontal FOV 98.0° , vertical FOV 71.7° , diagonal FOV 127.0°
4 mm, horizontal FOV 75.3° , vertical FOV 55.5° , diagonal FOV 98.2° 
Lens MountM12
Iris TypeFixed
ApertureF2.0
IILLUMINATOR
Supplement Light TypeIR
Supplement Light RangeUp to 30 m
Wavelength850 nm
VIDEO
Main Stream50 Hz: 20 fps (2560   1920)
25 fps (2560   1440, 1920   1080, 1280   720)
60 Hz: 20 fps (2560   1920)
30 fps (2560   1440, 1920   1080, 1280   720)
Sub-Stream50 Hz: 25 fps (1280   720, 640   480, 640   360)
60 Hz: 30 fps (1280   720, 640   480, 640   360)
Video CompressionMain stream: H.265+/H.265/H.264+/H.264
Sub-stream: H.265/H.264/MJPEG
Video Bit Rate32 Kbps to 16 Mbps
H.264 TypeBaseline Profile/Main Profile/High Profile
H.265 TypeMain profile
Region of Interest (ROI)1 fixed region for main stream
AUDIO
Audio Compression-UF: G.711ulaw/G.711alaw/G.722.1/G.726/MP2L2/PCM/AAC
Audio Bit Rate-UF: 64 Kbps (G.711)/16 Kbps (G.722.1)/16 Kbps (G.726)/32 to 160 Kbps (MP2L2)/16 to
64 Kbps (AAC)
Audio Sampling Rate-UF: 8 kHz/16 kHz
Environment Noise Filtering-UF: Yes
NETWORK
ProtocolsTCP/IP, ICMP, HTTP, HTTPS, FTP, DHCP, DNS, DDNS, RTP, RTSP, RTCP, NTP, UPnP™,
SMTP, IGMP, 802.1X, QoS, IPv6, Bonjour, IPv4, UDP, SSL/TLS
Simultaneous Live ViewUp to 6 channels
APIOpen Network Video Interface, ISAPI
User/HostUp to 32 users. 3 levels: administrator, operator and user
3 user levels: administrator, operator, and user
ClientiVMS-4200, Hik-Connect
Web BrowserPlug-in required live view: IE 10+
Plug-in free live view: Chrome 57.0+, Firefox 52.0+
Local service: Chrome 57.0+, Firefox 52.0+
IMAGE
Image SettingsSaturation, brightness, contrast, sharpness, AGC, white balance adjustable by client
software or web browser
Day/Night SwitchAuto, Schedule, Day, Night
Wide Dynamic Range (WDR)120 dB
Image EnhancementBLC, 3D DNR
INTERFACE
Ethernet Interface1 RJ45 10 M/100 M self-adaptive Ethernet port
On-Board Storage-UF: Built-in memory card slot, support microSD card, up to 256 GB
Built-in Microphone-UF: Yes
Reset Key-UF: Yes
EVENT
Basic EventMotion detection, video tampering, exception
LinkageUpload to FTP, notify surveillance center, send email
GENERAL
Power12 VDC ±25%, 0.4 A, max. 5 W,   Ø5.5 mm coaxial power plug
PoE: 802.3af, Class 3, 36 V to 57 V, 0.2 A to 0.15 A, max. 6.5 W
Dimension177.6 mm   67.8 mm  66.2 mm (7"   2.7"   2.6")
Package Dimension216 mm   121 mm   118 mm (8.5"   4.8"   4.6")
WeightApprox. 270 g (0.6 lb.)
With Package WeightApprox. 481 g (1.1 lb.)
Storage Conditions-30  C to 60  C (-22  F to 140  F). Humidity 95% or less (non-condensing)
Startup and Operating
Conditions
-30  C to 60  C (-22  F to 140  F). Humidity 95% or less (non-condensing)
LanguageEnglish, Ukrainian
General FunctionAnti-flicker, heartbeat, mirror, password protection, privacy mask, watermark, IP address filter

RG-AP680-L Wi-Fi 6 Dual-Radio 2975 Mbps Outdoor AP



RG-AP680-L Wi-Fi 6 Dual-Radio 2975 Mbps Outdoor AP

Beach ဒီဇိုင်း ၊ IP68 အကာအကွယ်ဖြင့် ကြမ်းတမ်းသော ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိ ၊ ဆားပေါက်ခြင်းမှ အထူး ကာကွယ်နိုင် 

  • 1x1G SFP Port + 1x1GE Ethernet Port ပါဝင် 
  • Wi-Fi6 ၊ throughput 2975Mbps အထိ ထောက်ပံ့ 
  • တပြိုင်တည်း 512 clients အများဆုံး ချိတ်ဆက်အသုံးပြုနိုင်
  • 5Ghz တွင် 300m  နှင့် 2.4Ghz တွင် 100m အများဆုံး လွှမ်းခြုံနိုင်
  • Omni-directional တပ်ဆင်ထားပြီး Long Range လွှမ်းခြုံမှု ပေးစွမ်း
  • စက်မှု ထုတ်ကုန် ဒီဇိုင်း ၊ လုပ်ဆောင်နိုင်သည့် အပူချိန် -40° C မှ 65°C အထိ ထောက်ပံ့ 
  • သံချေးတက်ခြင်း မရှိစေရန် Port များအား ရွှေအထူဖြင့် ဖုံးအုပ်ထား 
  • Ruijie Cloud မှ Management ပြုလုပ်နိုင် ၊ Stand Alone Portal Authentication ထောက်ပံ့ 



ကမ်းခြေအတွက် ဒီဇိုင်းထုတ်ထားသည်။
Ruijie Cloud Managed Series Outdoor AP RG-AP680-L



စက်မှုအဆင့် ထုတ်ကုန်ဒီဇိုင်း
ကြမ်းတမ်းသောပတ်ဝန်းကျင်များတွင် တည်ငြိမ်စွာ လည်ပတ်နိုင်စေရန် အာမခံပါသည်။

သံချေးတက်ခြင်း ကာကွယ်ရေး
ဆားဖြန်းမှု ကာကွယ်ရေး စံနှုန်းများကို လိုက်နာပြီး ဆားရည်၊ ပူနွေးပြီး စိုစွတ်သော ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ လည်ပတ်နိုင်စေရန် အာမခံပါသည်။



IP68 Rating
IP68 အဆင့်သတ်မှတ်ချက်သည် ဖုန်မှုန့်နှင့် ရေကို အကာအကွယ်ပေးထားပြီး အရည်နှင့် သဲများဝင်ရောက်မှုကို ရှောင်ရှားပါ။



6 kV လျှပ်စီးကြောင်းကာကွယ်ရေး
6 kV လှိုင်းတက်ခြင်းမှ ကာကွယ်ပေးပြီး မိုးကြိုးမုန်တိုင်းကဲ့သို့ ဆိုးရွားသော ရာသီဥတုတွင် တည်ငြိမ်စွာ လည်ပတ်နိုင်စေမည့် စံချိန်စံညွှန်းမြင့် မိုးကြိုးအကာအကွယ်များ တပ်ဆင်ထားသည်။



ကျယ်ပြန့်သော အပူချိန်
-40°C မှ +65°C အကွာအဝေးအတွင်း မြောက်ဘက်ပိုင်းရှိ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော ရာသီဥတုကို လိုက်လျောညီထွေစွာ လည်ပတ်နိုင်သည်။



ထောင့်တိုင်းသို့ 360° လွှမ်းခြုံနိုင်သော Omnidirectional Antennas
မြင့်မားသောထုတ်လွှင့်ပါဝါရှိသော 28 dBm omnidirectional အင်တင်နာများ တပ်ဆင်ထားသည်။ 360° အတွင်း ထောင့်တိုင်းနှင့် အချင်းဝက် 100 m အထိ ဖြန့်ကျက်သည်။ AP ပတ်လည်ရှိ STA များအတွက် ကောင်းမွန်သော အချက်ပြမှု လွှမ်းခြုံမှု (နောက်ဘက်ခြမ်း အပါအဝင်) STA များ ပြန့်ကျဲနေသော ပြင်ပပတ်ဝန်းကျင်နှင့် သက်ဆိုင်ပါသည်။



Wi-Fi 6 AX3000
ပေါင်းစပ်ဒေတာနှုန်း 2975 Mbps အထိ ရရှိနိုင်သည်။





Ruijie Reyee RG-ES05G/08G Series Plastic Case Unmanaged Desktop Switch


Ruijie Reyee RG-ES05G

RG-ES05G/08G Series Plastic Case Unmanaged Desktop Switch


အရည်အသွေးမြင့် Ruijie|Reyee Unmanaged Switch  

  • 10/100/1000M FE/GE 5 Port ၊ 8 Port မော်ဒယ် ၄ မျိုးရွေးချယ် အသုံးပြုနိုင် 
  • ရုံးခန်း၊ နေအိမ်၊ CCTV လုပ်ငန်းများအတွက် အသင့်တော်ဆုံးရွေးချယ်မှု 
  • အပူစွန့်ထုတ်အားကောင်းမွန်သည့်အတွက် အသုံးပြုနေစဉ်အတွင်း အပူလွန်ကဲမှုဖြစ်ခြင်းမှ ကင်းဝေး
  • အသုံးပြုနေစဉ်အတွင်း နှေးကွေးလေးလံခြင်းခြင်း၊ ပက်ကတ် ဆုံးရှုံးမှုများမရှိစေရန် Port များကို 8 Pin အပြည့်အဝ အသုံးပြုထား 
  • အသုံးပြုခြင်းမရှိသည့် Port များအတွက် စွမ်းအင်သုံးစွဲမှုကို အလိုလျောက်လျော့ချပေးနိုင်
  • Fanless ဒီဇိုင်း၊ အသုံးပြုနေစဉ် ဆူညံခြင်းလုံးဝမရှိ ၊ Ruijie Cloud ပေါ်မှ အချိန်နဲ့ တပြေးညီ Monitor  လုပ်နိုင် 

အရည်အသွေး၊ အသုံးပြုရလွယ်ကူမှု နှင့် ကုန်ကျစရိတ် ထိရောက်မှုတို့ ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှု

Ruijie Real-easy Series Plastic Switch သည် အသေးစားလုပ်ငန်းငယ်များ၊ အသေးစားစောင့်ကြည့်စစ်ဆေးခြင်းနှင့် SOHO အတွက် အံဝင်ခွင်ကျဖြစ်စေသော ဒက်စ်တော့ခလုတ်တစ်ခုဖြစ်ပြီး အသေးစားလုပ်ငန်းသုံးဖောက်သည်များ၏ကွန်ရက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက် မတူညီသောမော်ဒယ် ၄ ခုပါဝင်သည်။ Plug and play၊ ကွန်ရက်ကင်မရာများ၊ ပရင်တာများ၊ PC စသည်တို့ကဲ့သို့သော terminals အမျိုးမျိုးဖြင့် ချိတ်ဆက်နိုင်ခြင်း၊ သုညဖွဲ့စည်းပုံနှင့် လိုက်လျောညီထွေရှိမှုတို့ပါရှိသည်။




သပ်ရပ်သောဒီဇိုင်း၊ စွမ်းဆောင်ရည်ပြည့်ဝသော

အောက်ခြေရှိ အပူပေးသည့်အပေါက်များပါရှိသော matte-finish စိန်ပုံစံဒီဇိုင်းသည် လက်ရာမြောက်သောအသွင်အပြင်ကိုပေးစွမ်းပြီး ထိရောက်သောအပူကို ပြေပျောက်စေပါသည်။ ထည့်သွင်းထားသော ခြေဖနောင့်များနှင့် လျှို့ဝှက်တွဲလောင်းအပေါက် ဒီဇိုင်းများသည် သုံးစွဲသူများအတွက် အသုံးပြုရလွယ်ကူစေပါသည်။




လုပ်ငန်းအဆင့် အရည်အသွေး ပစ္စည်းများ

8-pin port သည် အရည်အသွေးအမျိုးမျိုးရှိ ကွန်ရက်ကေဘယ်ကြိုးများကို ပံ့ပိုးပေးပြီး လုပ်ငန်းအဆင့် အစိတ်အပိုင်းများသည် ဒေတာပေးပို့ခြင်းအတွက် ပက်ကက်ဆုံးရှုံးမှု သို့မဟုတ် နောက်ကျကျန်နေခြင်းမရှိကြောင်း သေချာစေပါသည်။


တင်းကျပ်သောစမ်းသပ်မှုကိုလုပ်ဆောင်ပါ၊ စိုးရိမ်စရာမရှိသောထုတ်ကုန်များကိုပေးဆောင်ပါ။

စိုးရိမ်စရာမရှိသော ထုတ်ကုန်များကို ပံ့ပိုးပေးရန်အတွက် ထုတ်ကုန်များကို ပံ့ပိုးပေးရန်အတွက် anti-drop test၊ collision test၊ anti-drop test၊ high-temperature resistance test နှင့် humidity resistance test အပါအဝင် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပြင်းထန်သောစမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။




Plug and Play & Energy Saving

ကွန်ရက် ပေါက်များ အတွက် ကိုယ်တိုင် အလိုက်သင့် လိုက်လျောညီထွေ စွမ်းဆောင်နိုင်သည် ။ သုညပုံစံဖွဲ့စည်းမှုဖြင့်၊ ပလပ်ထိုးပြီးပါက စက်ပစ္စည်းသည် ချက်ချင်းလည်ပတ်နိုင်သည်။ စွမ်းအင်ချွေတာသည့်အင်္ဂါရပ်သည် လည်ပတ်ခြင်းမရှိသော port များကို ပါဝါသုံးစွဲမှုကို အလိုအလျောက်လျှော့ချနိုင်ပြီး ပန်ကာမပါသောဒီဇိုင်းကိုလည်း ဆူညံမှုမရှိသောလုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးသည်



Hikvision DS-2CD1153G0-I 5 MP Fixed Dome Network Camera

 


Hikvision DS-2CD1153G0-I

5 MP Fixed Dome Network Camera

  • 5 MP Resolution ရှိသော အရည်အသွေးမြင့် ပုံရိပ်
  • ထိရောက်သော H.265+ ဖိသိပ်မှုနည်းပညာ
  • 120 dB WDR ကြောင့် ခိုင်ခံ့သော ကျောဘက်အလင်းရောင်ဖြင့်ပင် ကြည်လင်ပြတ်သားသော ပုံရိပ်
  • ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည် (IP67) နှင့် ဖျက်ဆီးမှုဒဏ်ခံနိုင်ရည် (IK10)
  • EXIR 2.0- IR အကွာအဝေး ရှည်လျားသော အဆင့်မြင့် အနီအောက်ရောင်ခြည် နည်းပညာ


Hikvision DS-2CD1153G0-I IP Dome Camera သည် resolution 2560 x 1920 pixels ရှိသော 5 megapixel ပြင်ပကွန်ရက်ကင်မရာတစ်ခုဖြစ်သည်။ နေ့ရောညပါ မယုံသင်္ကာဖြစ်ပုံတွေကို စောင့်ကြည့်ပြီး မှတ်တမ်းတင်နိုင်စေမယ့် ကောင်းမွန်တဲ့ ဗီဒီယိုအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်...

IP67 နှင့် IK10 ထောက်ခံချက်ဖြင့်၊ ဤကင်မရာသည် ရာသီဥတုဒဏ်ခံနိုင်ပြီး ဖျက်ဆီးမှုဒဏ်ခံနိုင်ရည်ရှိသည်။ ၎င်းသည် ယုံကြည်စိတ်ချရသော Ethernet ချိတ်ဆက်မှုကို ပေးဆောင်သည်။ နောက်ဆုံးအနေဖြင့် ၎င်းကို ပင်မများဖြင့်သာမက PoE ဖြင့်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။



SPECIFICATIONS
CAMERA
Image Sensor1/2.7" Progressive Scan CMOS
Max. Resolution2560 x 1920
Min. IlluminationColor: 0.01 Lux @(F1.2, AGC ON), 0.028Lux @ (F2.0, AGC ON)
Shutter Speed1/3 s to 1/100,000 s
Day &NightIR Cut Filter
Pan/TiltPan: 0° to 355° , tilt: 0° to 75° 
LENS
Focal LengthFixed focal lens, 2.8 and 4 mm optional
Focal Length & FOV2.8 mm, horizontal FOV 98.0° , vertical FOV 71.7° , diagonal FOV 127.0°
4 mm, horizontal FOV 75.3° , vertical FOV 55.5° , diagonal FOV 98.2° 
Lens MountM12
Iris TypeFixed
ApertureF2.0
IILLUMINATOR
Supplement Light TypeIR
Supplement Light RangeUp to 30 m
Wavelength850 nm
VIDEO
Main Stream50 Hz: 20 fps (2560   1920)
25 fps (2560   1440, 1920   1080, 1280   720)
60 Hz: 20 fps (2560   1920)
30 fps (2560   1440, 1920   1080, 1280   720)
Sub-Stream50 Hz: 25 fps (1280   720, 640   480, 640   360)
60 Hz: 30 fps (1280   720, 640   480, 640   360)
Video CompressionMain stream: H.265+/H.265/H.264+/H.264
Sub-stream: H.265/H.264/MJPEG
Video Bit Rate32 Kbps to 16 Mbps
H.264 TypeBaseline Profile/Main Profile/High Profile
H.265 TypeMain profile
Region of Interest (ROI)1 fixed region for main stream
NETWORK
ProtocolsTCP/IP, ICMP, HTTP, HTTPS, FTP, DHCP, DNS, DDNS, RTP, RTSP, RTCP, NTP, UPnP™,
SMTP, IGMP, 802.1X, QoS, IPv6, Bonjour, IPv4, UDP, SSL/TLS
Simultaneous Live ViewUp to 6 channels
APIOpen Network Video Interface, ISAPI
User/HostUp to 32 users. 3 levels: administrator, operator and user
3 user levels: administrator, operator, and user
ClientiVMS-4200, Hik-Connect
Web BrowserPlug-in required live view: IE 10+
Plug-in free live view: Chrome 57.0+, Firefox 52.0+
Local service: Chrome 57.0+, Firefox 52.0+
IMAGE
Image SettingsSaturation, brightness, contrast, sharpness, AGC, white balance adjustable by client
software or web browser
Day/Night SwitchAuto, Schedule, Day, Night
Wide Dynamic Range (WDR)120 dB
Image EnhancementBLC, 3D DNR
INTERFACE
Ethernet Interface1 RJ45 10 M/100 M self-adaptive Ethernet port
EVENT
Basic EventMotion detection, video tampering, exception
LinkageUpload to FTP, notify surveillance center, send email
GENERAL
Power12 VDC ±25%, 0.4 A, max. 5 W,   Ø5.5 mm coaxial power plug
PoE: 802.3af, Class 3, 36 V to 57 V, 0.2 A to 0.15 A, max. 6.5 W
DimensionØ110.8 mm x 84.7 mm (4.4"   3.3")
Package Dimension134 mm x 134 mm x 108 mm (5.3"   5.3"   4.3")
WeightApprox. 520 g (1.1 lb.)
With Package WeightApprox. 720 g (1.6 lb.)
Storage Conditions-30  C to 60  C (-22  F to 140  F). Humidity 95% or less (non-condensing)
Startup and Operating
Conditions
-30  C to 60  C (-22  F to 140  F). Humidity 95% or less (non-condensing)
LanguageEnglish, Ukrainian
General FunctionAnti-flicker, heartbeat, mirror, password protection, privacy mask, watermark, IP address filter