• GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048

  • GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048

  • HIKVISION CCTV TRAINING TACHILEIK

    GTB မှပထမဆုံးအကြိမ်ပြုလုပ်သော CGSA Certificate (HIKVISION CCTV TRAINING TACHILEIK)ကိုအောင်မြင်စွာကျင်းပပြီးစီးကြောင်း May 20 2023

RG-RAP6260(G) AX1800 Wi-Fi 6 Dual Band Gigabit Outdoor Access Point

 


RG-RAP6260(G) AX1800 Wi-Fi 6 Dual Band Gigabit Outdoor Access Point

RG-RAP6260(G) သည် Ruijie Reyee မှ အပြည့်အဝတီထွင်ထားသော ကြိုးမဲ့ထုတ်ကုန်များထဲမှတစ်ခုဖြစ်သည်။ စက်ပစ္စည်းသည် ပါဝါထောက်ပံ့မှုတွင် 802.3at PoE ကို ထောက်ပံ့ပေးသည်။ တစ်ပြိုင်နက်တည်း 2.4GHz နှင့် 5GHz တို့ဖြင့် AP သည် dual-band dual-stream MIMO နည်းပညာကို ပံ့ပိုးပေးကာ 2.4G တွင် 574Mbps နှင့် 5G တွင် 1201Mbps တို့ကို ပံ့ပိုးပေးပါသည်။


ဘာကြောင့် RG-RAP6260(G) က အအေးဆုံး အခြေအနေမှာတောင် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တာလဲ ? 

  • အေးခဲသည့်အခြအနေတွင် AP၏ အပူချိန်ကို ထိန်းသိမ်းနိုင်ရန် အပူထုတ် ပစ္စည်း ပါရှိခြင်း 
  • အပူချိန်ကို စောင့်ကြည့်ရန် အပူစောင့်ကြည့် Sensor ပါရှိခြင်း 
  • IP အဆင့် သတ်မှတ်ချက် 68 အထိထောက်ပံ့ပေးထားခြင်း 
  • Device ၏ အတွင်းပိုင်း အပူချိန်ကို ထိန်းသိမ်း နိုင်ရန် လျှပ်ကာ ပစ္စည်း ပါရှိခြင်း 
  • အေးခဲ‌နေစဉ်တွင် ခံနိုင်ရည်ရှိစေရန် အနိမ့်ဆုံး အပူချိန် ခံနိုင်ရည်ရှိသော အစိတ်ပိုင်းများပါရှိခြင်း 
  • စွမ်းအင်သက်သာသော ပါဝါစီမံမှုစနစ် ပါဝင်သောကြောင့် အပူလွန်ကဲမှုကို လျော့ချပေးနိုင်ခြင်း


RG-RAP6260(G) သည် အသုံးပြုသူများအား ပြင်ပနေရာ၌ အပို Wi-Fi ကို အလွယ်တကူ ချဲ့ထွင်နိုင်စေသည့် Reyee Mesh ကို ပံ့ပိုးပေးသည်။ ဝိုင်ယာကြိုးများစွာသက်သာဖြစ်စေသည်။


RG-RAP6260(G) သည် ပြင်ပပတ်ဝန်းကျင်တွင် သင့်လျော်ပြီး အပူချိန်လွန်ကဲသောအခြေအနေကို ပျက်ပြယ်စေသည့် အပြင်ဘက်အခွံဒီဇိုင်းတွင် IP68 ကာကွယ်မှုထည့်သွင်းပါဝင်သည်။ Access Point သည် အလွန်အေးပြီး စိုစွတ်သော ရာသီဥတုအောက်တွင်လည်း အသုံးပြုရန်အလွန် ကိုက်ညီပါသည်။ ၎င်းသည် တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအခက်အခဲကို လျော့နည်းစေသည်။



RG-EG105GW-X Wi-Fi 6 AX3000 High-performance All-in-One Wireless Router

 


RG-EG105GW-X Wi-Fi 6 AX3000 High-performance All-in-One Wireless Router


🔥 Load Balancing ၄ လိုင်းအထိ ထောက်ပံ့ ၊ Bandwidth ပေါင်းပေးနိုင် 
🔥 VPN ( IPsec, L2TP, PPTP, Open VPN) အသုံးပြုနိုင် 
🔥 Bandwidth Management ၊ App Block ၊ web Filtering နှင့် QoS ထောက်ပံ့ 
🔥 Captive Portal ( One Click , Voucher , Account , SMS , Registeration) အသုံးပြုနိုင် 
🔥 USB File Sharing ( NAS လို အသုံးပြုနိုင်) 
🔥 ကလစ် ၁ ချက်နှိပ် Mesh ထောက်ပံ့၊ Reyee AP များနှင့် အလွယ်တကူ Mesh လုပ်၍ coverage ကို တိုးချဲ့နိုင်







Highlight Features
  • Professional and high-performance Wi-Fi 6 business VPN router.
  • Easy network construction with all-in-one wireless router.
  • One-Click Reyee Mesh. 
  • Diverse enterprise-level features for different service scenarios.
  • Securely monitoring the NVR/IPC/internal server anytime from anywhere.





Hikvision TandemVu PTZ Cameras



 Hikvision TandemVu PTZ Cameras

TandemVu PTZ ကင်မရာများတွင် ကြီးမားသောရုပ်ပုံမြင်ကွင်းနှင့်အသေးစိတ်အချက်အလက်များကို တစ်ပြိုင်နက်တည်းပြပေးနိုင်ရန် မှန်ဘီလူးများစွာကို ပေါင်းစပ်ထားသည့် Hikvision ၏ ဒီဇိုင်းသစ်ဖြင့် မျိုးဆက်သစ်ကင်မရာ ဖြစ်ပါသည်။

Hikvision ၏ TandemVu PTZ ကင်မရာအသစ်များသည် လှည့်လည်ကြည့်ရှုခြင်း၊ စောင်းခြင်း၊ သို့မဟုတ် ဇူးမ်ဆွဲသည့်အခါတွင်ပင် ကျယ်ပြန့်သော မြင်ကွင်းကို ပြသပေးပါသည်။ ထို့ကြောင့် ကင်မရာကို လှည့်ပတ်ကြည့်ရှု့နိုင်ခြင်း ဇူမ်းကိုဆွဲ၍ အနီးကပ် ကြည့်ရှု့နိုင်ခြင်းတို့ကြောင့် မြင်ကွင်းများမှ ပုံရိပ်များကို မလွတ်တမ်းစောင့်ကြည့်နိုင်ပါသည်။


အသုံးသင့်တဲ့ နေရာလေးတွေက‌တော့ လမ်းဆုံတွေ စက်သုံးဆီ station တွေ Car parking lot လေးတွေ ပန်းခြံအကြီးတွေ လမ်းကျယ်တွေ အားကစားကွင်းပြင်ကြီးတွေ ကွင်းပြင်ကျယ်ကျယ် နေရာမျိုးတွေမှာ ပိုသုံးသင့်ပါတယ်။ အချိန်ပြည့်စောင့်ကြည့်ရန် လိုအပ်သော နေရာများနဲ့ အဝေးမှ ပုံရိပ်များကို နီးကပ်စွာကြည့်ရန်လိုအပ်သောနေရာများ စသည့် နေရာများတွင် အသုံးပြုရန်အကောင်းဆုံးဖြစ်ပါသည်။ 

TandemVu PTZ ကင်မရာရဲ့ အားသာချက်များ

ပုံရိပ်မြင်ကွင်းနှင့် အသေးစိတ်အချက်များ

  • Multi-lens ပေါင်းစပ်ပါဝင်သောကြောင့် ကျယ်ပြန့်သောနေရာများပေါ်ရှိ မြင်ကွင်းကျယ်များကို တချိန်တည်းနဲ့ အသေးစိတ်ချဲ့ကြည့်နိုင်သည်။
  • အလွန်ကျယ်ပြန့်သောမြင်ကွင်း- မြင်ကွင်းကျယ်ချန်နယ်သည် 180° အလွန်ကျယ်သောမြင်ကွင်းကို ပံ့ပိုးပေးသည်။
  • စမတ်ကျသောချိတ်ဆက်မှု- PTZ ချန်နယ်မှတစ်ဆင့် ချက်ချင်းပစ်မှတ်ခြေရာခံခြင်းနှင့်အတူ မြင်ကွင်းကျယ်ချန်နယ်မှတစ်ဆင့် ပစ်မှတ်ကို အလိုအလျောက်သိရှိခြင်း


အလင်းနည်းသောနေရာများ၌လည်း စွမ်းဆောင်ရည် အလွန်ကောင်းမွန်သည်။

  • TandemVu PTZ ColorVu နှင့် DarkFighter နည်းပညာအကူအညီဖြင့် အမှောင်ထုကို အနိုင်ယူပြီး ကြည်လင်ပျက်သားသော အလင်းဖြင့် ပုံရိပ်များကို ပြသပေးနိုင်ပါသည်။
  • ColorVu- အလင်းဝင်နိုင်သော F1.0 မှန်ဘီလူးဖြင့် ညတွင်းချင်း အရောင်ပုံများကို ပေးသည်
  • DarkFighter- အလင်းရောင်အားနည်းသောနေရာတွင်ပင် ကွက်ကွက်ကွင်းကွင်းအသေးစိတ်အချက်အလက်များကို လှည့်ပတ်ကြည့်ရှုခြင်း၊ zome ဆွဲကြည့်ခြင်းများကိုလုပ်ဆောင်နိုင်သည်။


ကင်မရာတစ်လုံးတွင် အလိုအလျောက်ပြောင်းနိုင်သော ထောက်လှမ်းရေးစံနစ်

ကင်မရာတစ်ခုတည်းတွင် အစွမ်းထက်သော ဉာဏ်ရည်ထက်မြက်သည့် လုပ်ဆောင်ချက်မျိုးစုံကို ပေးစွမ်းနိုင်ပါသည်။

  • ပတ်လည်ကာကွယ်မှု
  • လူနှင့်ယာဉ်ထောက်လှမ်း
  • အလိုအလျောက်ခြေရာခံခြင်း 3.0
  • ANPR နှင့် ယာဉ်ကြောချိုးဖောက်မှု သိရှိခြင်း


RG-ES05G/08G Series Plastic Case Unmanaged Desktop Switch

 

RG-ES05G/08G Series Plastic Case Unmanaged Desktop Switch

Ruijie Real-easy Series Plastic Switch သည် အသေးစားလုပ်ငန်းငယ်များ၊ အသေးစားစောင့်ကြည့်စစ်ဆေးခြင်းနှင့် SOHO အတွက် အံဝင်ခွင်ကျဖြစ်စေသော Desktop switch တစ်ခုဖြစ်ပြီး customer များ၏ကွန်ရက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက် မတူညီသောမော်ဒယ် ၄ ခုပါဝင်သည်။ Switch သည် plug and playဖြစ်၍၊ ကင်မရာများ၊ ပရင်တာများ၊ PC စသည်တို့ကဲ့သို့သော terminals အမျိုးမျိုးဖြင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်ပါတသည်



အရည်အသွေးမြင့် Ruijie|Reyee Unmanaged Switch များသည်

🎯 10/100/1000M FE/GE 5 Port ၊ 8 Port မော်ဒယ် ၄ မျိုးရွေးချယ် အသုံးပြုနိုင် 

🎯 ရုံးခန်း၊ နေအိမ်၊ CCTV လုပ်ငန်းများအတွက် အသင့်တော်ဆုံးရွေးချယ်မှု 

🎯 အပူစွန့်ထုတ်အားကောင်းမွန်သည့်အတွက် အသုံးပြုနေစဉ်အတွင်း အပူလွန်ကဲမှုဖြစ်ခြင်းမှ ကင်းဝေး

🎯 အသုံးပြုနေစဉ်အတွင်း နှေးကွေးလေးလံခြင်းခြင်း၊ ပက်ကတ် ဆုံးရှုံးမှုများမရှိစေရန် Port များကို 8 Pin အပြည့်အဝ အသုံးပြုထား 

🎯 အသုံးပြုခြင်းမရှိသည့် Port များအတွက် စွမ်းအင်သုံးစွဲမှုကို အလိုလျောက်လျော့ချပေးနိုင်

🎯 Fanless ဒီဇိုင်း၊ အသုံးပြုနေစဉ် ဆူညံခြင်းလုံးဝမရှိ ၊ Ruijie Cloud ပေါ်မှ အချိန်နဲ့ တပြေးညီ Monitor  လုပ်နိုင် 



Ruijie【RG-CS85 Series】- Layer 3 100G Uplink Core/Aggregation Switch

 


RG-CS85 Series】- Layer 3 100G Uplink Core/Aggregation Switch 

🎯 1G/10G/40G မှ 100GE Uplink Port  များအထိ ရွေးချယ် အသုံးပြုနိုင်ခြင်း 

🎯 Hardware Redundancy ရှိခြင်း ၊ Power Redundancy ရှိခြင်း 

🎯 VSU (Virtual Switching Unit) HA အသုံးပြုနိုင်ခြင်း 

🎯 Layer 3 Routing Protocol များစွာ ထောက်ပံ့ပေးထားခြင်း ( OSPFv2/OSPF v3၊ IS-ISv4/ IS-ISv6 ၊ BGP4/ BGP 4+ ၊ IPv4/v6 VRF ၊ MPLS L3 VPN) 

🎯 CPP /NFPP ပါဝင်ခြင်းကြောင့် ပြင်ပ အတိုက်ခိုက်များမှ ကာကွယ်နိုင်ပြီး CPU Usage ကို လျော့ချပေးနိုင်ခြင်း

🎯 Ruijie Cloud ပေါ်မှ Real-Time monitoring လုပ်နိုင်ခြင်း ၊ SNMP၊ Syslog အသုံးပြုနိုင်သည့်အပြင် CLI/ Eweb ၂ မျိုးဖြင့် Management လုပ်နိုင်ခြင်း 






Highlight Features

  • Rich port types, 48 x 1000 Mbps Ethernet ports, PoE/PoE+ supported, and 4 × 10G optical ports for uplink
  • Hardware redundancy, guaranteed service continuity and network connectivity
  • VSU virtualization, flexible networking and high reliability.
  • Layer 3 routing control, adaptive to multiple services, efficient and guaranteed data transmission
  • Network security policies, real-time monitoring, CPP and NFPP, delivering enhanced network robustness
  • SNMP, RMON, Syslog, USB log backup features, CLI, Eweb, telnet and other management modes, simplified and easy network maintenance




Hikvision Solar Power Kit Unboxing


 Hikvision Solar Power Kit Unboxing

မင်းမရှိလဲ ဒင်းရှိရင်ဖြစ်တယ်ဆိုတာက  HIKVISION ရဲ့ Solar Power Camera တွေကိုပြောတာပါနော့ 😜

Cameraရဲ့ unboxing/Installation အပြင် Hik Centalနဲ့ပါ ဘယ်လို Configuration လုပ်လို့ရမလဲဆိုတာပါ ပြောပြပေးထားလို့ အတူတူကြည့်ရှုလိုက်ကြရအောင်🤗




Ruijie Cloud 7.2 Version Launched

 


Ruijie Cloud AI Leads The Way (Version 7.2)

ယခုဆိုရင် Ruijie Cloud ဟာ Version 7.2 ကိုထွက်ရှိလာပြီဖြစ်ပါတယ်။ Updated ဖြစ်လာတဲ့ AR Foaming, AR HUD, AI Heatmap နဲ့ AI Diagnostics တို့ရဲ့ Feature အသစ်တွေဟာ ပိုမိုကောင်းမွန်ပြီး ပိုမိုအသုံးဝင်လာပါပြီ။ 

အသစ်ပါဝင်လာတဲ့ Feature လေးတွေကိုကြည့်လိုက်ကြရအောင်

🎯 Updated AR Roaming 

AR Roaming ကိိုအရင်ဗားရှင်းမှာ Floor Plan View ကြည့်လို့မရခဲ့ပါဘူး ၊ အခု အသစ်မှာတော့ Floor Plan ပါထည့်လို့ရတဲ့အတွက် မိမိရဲ့ Roaming Point တွေ လမ်းကြောင်းတွေကို ပိုပြီး တိတိကျကျ သိနိုင်တော့မှာ ဖြစ်ပါတယ်. အသုံးပြုပုံလေးတွေကို ကြည့်လိုက်ပါဦး




🎯 Updated AR HUD 

နောက်တစ်ခုကတော့ AR HUD ကို အဆင့်မြှင့်လိုက်တာပါ .. 7.0 version မှာ Switch ရဲ့ QR ကုဒ်ကိုသာ Scan ဖတ်နိုင်ပြီး AR HUD Feature ကို အသုံးပြုနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Remote Project တွေကိုပါ Wireless Projection နည်းပညာနဲ့ AR HUD Feature အသုံးပြုလို့ရလာတော့မှာ ဖြစ်ပါတယ်..


ဒီ Feature ဟာဆိုရင် ချိတ်ဆက်ထားတဲ့ Network အတွင်း Ruijie Reyee Product တွေမှာ တပ်ဆင်ထားတဲ့ Device တွေကိုအလွယ်တကူသိရှိစေနိုင်ပါတယ်။ မိမိသိလိုသော Device ရဲ့ QR Code ကို Scan ဖတ်ပြီး Interface Port တွေကို Scan ဖတ်ရုံဖြင့် MAC Address, Model စသည်များကိုတိကျစွာ ဖော်ပြပေးပါတယ်။


🎯 AI Heatmap 

ယခု Update မှာလည်း AI Heatmap ကိုလဲ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အိမ်၊ ရုံးခန်း၊ အဆောက်အဦရဲ့ Floor Plan ထည့်သွင်းပေးလိုက်ရင် အလိုအလျောက် နံရံများကိုတည်ဆောက်ပေးပြီး AP, Camera များကို နေရာအလိုအလျောက်သတ်မှတ်ပေးပါတယ်။ အိမ်၊ ရုံးခန်း၊ အဆောက်အဦရဲ့ အနေအထားအရ Wifi Signal ဘယ်နေရာထိရောက်နိုင်မလဲ? Camera တွေရဲ့ မြင်ကွင်းဘယ်နေရာထိ မြင်နိုင်မလဲ? စသည်ဖြင့် အသေးစိတ်သိရှိနိုင်ပါတယ်

အသုံးပြုပုံလေးကိုကြည့်လိုက်ပါဦး







🎯AI Diagnostics 

မိမိတို့ ရဲ့ Network အတွင်းမှာ ပြဿနာ တစ်စုံတစ်ခုရှိနေရင်လည်း  AI Diagnostics Function အလွယ်တကူသိရှိနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ Ruijie Cloud ပေါ်မှတစ်ဆင့် Network အတွင်း ရှိသော ပြဿနာများကိုအလွယ်တကူ ရှာဖွေသိရှိနိုင်ပါတယ်။



ဒါတွေကောင်းမွန်လာပြီဖြစ်လို့

Ruijie Reyee APP 7.2 Version ကို အခုပဲအဆင့်မြှင့်ပြီး နည်းပညာအသစ်တွေကို နောက်မကျရလေအောင် စတင်အသုံးပြုကြည့်လိုက်ပါဦး



Hikvision Solar-powered Security Camera Setup

 နေရောင်ခြည်စွမ်းအင်သုံး လုံခြုံရေးကင်မရာတပ်ဆင်မှု Video လေးကြည့်လိုက် ကြရအောင်ဗျာ

⚡️မီးမရှိတဲ့နေရာဒေသတွေအတွက် အင်မတန်မှ အသုံးဝင်တဲ့ Solar Camera လေးပါဗျ
မိမိရဲ့ အိမ်လုံခြုံမှု၊ လယ် ယာစိုက်ခင်းတွေမှာတောင် အသုံးပြုနိုင်ပြီးတော့ သိရိစ္ဆာတွေ ဝင်စားတာ တွေကိုလဲ အချက်ပေးသိရှိနိုင်ပါသေးတယ်ဗျ
နေမပူပဲ မိုးရွာတဲ့ နေ့ရက်တွေမှာလည်း အကောင်းဆုံးအသုံးပြုနိုင်တာမို့ စိတ်ပူစရာမလိုပါဘူးဗျ
☀️နေရောင်ခြည်စွမ်းအင်နဲ့ အသုံးပြုရတဲ့ ကင်မရာဖြစ်တာကြောင့် တောင်ပေါ်ဒေသတွေပါ မြို့ပေါ်ကဲ့သို့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်နိုင်ပါပြီဗျာ






Hikvision ColorVu Value Series Network Camera (Unboxing & Demonstration)



Hikvision ColorVu Value Series Network Camera (Unboxing & Demonstration)

DS-2CD1047G2-L(UF)

4 MP ColorVu MD 2.0 Fixed Bullet Network Camera

  • 4 MP Resolution ဖြင့် အရည်အသွေးမြင့် ပုံရိပ်ဖော်ခြင်း။
  • 24/7 ရောင်စုံပုံရိပ်
  • လူနှင့်ယာဉ်ထောက်လှမ်းမှုကို ပံ့ပိုးပေးခြင်း
  • ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည်ရှိခြင်း (IP67)
  • 120 dB WDR ကြောင့် ခိုင်ခံ့သော ကျောဘက်အလင်းရောင်ဖြင့်ပင် ကြည်လင်ပြတ်သားသော ပုံရိပ်ရရှိစေခြင်း
  • ထိရောက်သော H.265+ ဖိသိပ်မှုနည်းပညာ
  • on-board storage 256GB (SD card slot)
  • အချိန်နှင့်တပြေးညီ အသံလုံခြုံရေးအတွက် တပ်ဆင်ထားသော မိုက်ခရိုဖုန်း 




Hikvisionရဲ့ Interactive display!!

 Hikvisionရဲ့ Interactive display!!


ယနေ့လို
တိုးတက်နေသော ခေတ်ကြီးအတွက် Smart education system များထဲမှ အသုံးဝင်ဆုံး Hikvisionရဲ့ Interactive display!!
ကျောင်းစာသင်ခန်း၊ရုံးခန်းနှင့် အစည်းအဝေးခန်းများအတွက် အသုံးပြုရလွယ်ကူစေမယ့် Hikvision ၏ Interactive displayဟာဆိုရင်4K display resolutionဖြစ်ခြင်း Built in Whiteboardပါရှိခြင်း | Wireless projectionပါရှိခြင်းများအပြင် Central managementနှင့်အတူ Android version 11ဖြစ်ခြင်း Memory 4G နှင့် Built in storage 64G ပါရှိခြင်း | Wireless projection ဖြစ်ခြင်းကြောင့် ရွှေ့ပြောင်းရလွယ်ကူခြင်း | Wifi/Bluetooth/NFC/Type Cနှင့်ချိတ်ဆက်အသုံးပြုနိုင်ခြင်း Wirelessစနစ်​ဖြင့် screen sharing၊email sharingလုပ်နိုင်ပြီး QR code ကို scan ဖတ်၍လည်း Informationများ မျှဝေနိုင်ရုံသာမက 45 Touch pointကိုရေးသာနိုင်သော Pen ပါဝင်ပြီး Response time မှာလည်း 6ms ဖြစ်ခြင်း Screen size အရွယ်အစားအနေဖြင့် 65" / 75" /86" ရရှိနိုင်ခြင်းတို့ကြောင့် ကျောင်းခန်း/ရုံးခန်း/စာသင်ခန်းနှင့် အစည်းအဝေးခန်းများအတွက် အသုံးပြုရန် အသင့်တော်ဆုံး​ ​ ဖြစ်ပါတယ်ရှင့်



🏭 HIKVISION CCTV SHOWROOM 🏭
📍 No.(2)/Bo Gyoke Main Street , Win Kyauk Qur ,Tachileik ,SHAN(EAST).
📲 09-899995755 (Office) , 09-456499350
(Myanmar) , 0624413326(Thai)