🌈🌈Ruijie RG-WALL 1600-Z3200-S, Next-Generation Z Series Firewall🌈🌈



🌈🌈Ruijie RG-WALL 1600-Z3200-S, Next-Generation Z Series Firewall🌈🌈

☀ထင်α€›ှားα€žောထင်္ဂါရပ်α€™ျား☀
✅ ပို့တ်စကင်α€”် + α€‘α€žွားα€‘α€œာ α€žα€„်α€šူα€™ှု၊ α€‘α€žိဉာဏ်α€›ှိα€žော α€™ူဝါα€’ ထကြံပြုချα€€်၊ α€›ိုးα€›ှင်းα€žော α€‘α€žုံးချα€™ှု
✅ α€žα€›ုပ်α€–ော်ပြီးα€”ောα€€် α€™ူဝါα€’α€€ို ထကောင်α€‘α€‘α€Š်α€–ော်ခြင်း၊ α€™ူဝါα€’α€€ို ထချိα€”်α€™α€›ွေး ပိုα€™ိုα€€ောင်းα€™ွα€”်ထောင် ပြုα€œုပ်ခြင်း။
✅ α€‘α€žိဉာဏ်α€›ှာα€–ွေα€›ေးစင်တာတွင် α€€α€œα€…်တစ်ချα€€်α€”ှိပ်၍ ထမှားα€›ှာခြင်း။
✅ Cloud α€–ြင့် α€žα€„့်α€œုပ်ငန်းα€€ို α€œွα€š်α€€ူထောင်α€œုပ်ဆောင်α€”ိုင်။




πŸ†— α€œုံခြုံα€…ိတ်ချရပြီး α€œွα€š်α€€ူ ~~
License တခု α€α€š်α€œိုα€€်တာα€”ဲ့ Security Functions ၅ α€™ျိုးထထိ α€žုံးα€œို့α€› ~~
✴ထခုα€œို တနေ့ထက်တနေ့ α€”α€Š်းα€•α€Šာတွေ α€˜α€€်α€…ုံတိုးတက်α€”ေတဲ့ IT α€”α€š်α€•α€š်α€™ှာ .. α€™ိα€™ိ α€œုပ်ငန်း ထဖွဲ့α€‘α€…α€Š်းတွေα€›ဲ့ Network α€œုံခြုံα€›ေးα€Ÿာ ထဓိα€€ α€€ျα€œို့α€”ေပါα€α€š်။ α€™α€œိုထပ်တဲ့ ပြင်ပ တိုα€€်ခိုα€€်α€”ှောα€€်α€šှα€€်α€™ှုတွေ α€™α€–ြα€…်α€…ေα€–ို့α€”ဲ့ α€™ိα€™ိα€›ုံးတွင်းα€™ှာα€›ှိတဲ့ User တွေα€€ို α€™α€”ှိပ်α€žα€„့်တဲ့ Link တွေ α€™α€”ှိပ်α€™ိα€–ို့ α€•α€Šာပေးα€–ို့α€œဲ α€œိုထပ်α€œာα€žα€œို၊ α€™ိα€™ိတို့α€€ိုα€š်တိုင်α€€α€œα€Š်း α€™α€–ြα€…်α€žα€„့်တာတွေ α€™α€–ြα€…်α€œာထောင် α€€ြိုတင်α€€ာα€€ွα€š်ထားα€–ို့ α€œိုထပ်ပါα€α€š်။ ထရင်α€€ α€™ိတ်ဆွေတို့ထနေα€”ဲ့ firewall α€‘α€žုံးပြုα€–ို့ထတွα€€် ခက်ခဲα€”ေα€€ောင်း ခက်ခဲα€”ေပါα€œိα€™့်α€™α€š် .. α€€ုα€”်α€€ျα€…α€›ိတ်တွေα€™ျားပြီးတော့ တချို့α€œုပ်ငန်းα€›ှင်တွေ α€™α€žုံးα€€ြတာα€™ျိုးα€œဲ α€›ှိပါα€œိα€™့်α€™α€š်။


✴ထခုဆိုရင်တော့ α€™ိတ်ဆွေတို့α€›ဲ့ Security ထခက်ထခဲတွေα€€ို α€–ြေα€›ှင်းα€”ိုင်α€™α€š့် Ruijie Firewall α€›ောα€€်α€›ှိα€œို့α€œာပါပြီ။ Ruijie Develop α€œုပ်ထားတဲ့ NTOS α€€ို α€‘α€žုံးပြုထားပြီးတော့ α€€α€™္α€˜ာ့ထိပ်တန်း Security ထဖွဲ့α€‘α€…α€Š်းတခုα€–ြα€…်တဲ့ Kaspersky Lab α€™ှာ α€…α€™်းα€žα€•်ထားပြီးα€žားα€–ြα€…်α€œို့ α€šုံα€€ြα€Š်α€…ိတ်ချα€…ွာ α€‘α€žုံးပြုα€”ိုင်ပါα€α€š်။ cofniguration တွေα€€α€œα€Š်း GUI α€€ိုα€‘α€žုံးပြုပြီး α€œွα€š်α€€ူα€…ွာ α€œုပ်ဆောင်α€”ိုင်α€™ှာ α€–ြα€…်α€žα€œို ၊ SON Feature α€€ိုပါ ထောα€€်ပံ့ပေးထားတာα€€ြောင့် ၃ α€™ိα€”α€…်ထတွင်း Internet α€›α€–ို့ထတွα€€် α€€ူα€Šီပေးα€”ိုင်ပါα€α€š်


✴Threat Intelligence - α€€ိုα€š့်α€›ဲ့ Network ထဲα€€ို α€˜α€š်α€œ်ို attack တွေဝင်α€›ောα€€်α€œာα€™α€œဲ ? ဆိုပါα€…ို့ ransomware ၊ mining ၊ Trojans worm တွေα€”ဲ့ botnets α€œို ထမျိုးα€™ျိုးα€žော attack တွေα€€α€”ေ α€›ှောင်α€›ှား/ α€€ာα€€ွα€š်α€”ိုင်α€–ို့ ထချိα€”်α€”ဲ့ တပြေးα€Šီ α€…α€…်ဆေးတာတွေ α€€ာα€€ွα€š်တာတွေ α€œုပ်ပေးα€”ိုင်α€™ှာα€–ြα€…်ပါα€α€š်။
✴Antivirus - Network ထဲα€€ို ဝင်α€›ောα€€်α€œာα€™α€š့် α€™α€Š်α€žို့ α€žော Virus α€™ျိုးα€€ိုမဆို α€€ာα€€ွα€š်α€”ိုင်ပြီး user တွေဆိα€€ို ဆက်α€œα€€်ပြα€”့်α€”ှံ့α€™α€žွားထောင် ထိα€”်းချုပ်α€”ိုင်ပါα€α€š်။
✴Intrusion Prevention - User တွေဆီα€€ို ဝင်α€›ောα€€်α€œာα€™α€š့် Cyber Attack ထမျိုးα€™ျိုးα€€ို ထချိα€”်α€”ဲ့တပြေးα€Šီ ခုခံα€€ာα€€ွα€š်ပေးα€”ိုင်ပါα€α€š်။
✴URL Filtering - Network ထဲα€™ှာ α€™ိα€™ိ download မဆွဲα€…ေချင်တဲ့ website တွေ၊ α€™α€€ြα€Š့်α€›ှုα€…ေချင်တဲ့ website တွေα€€ို filter α€œုပ်ထားα€”ိုင်ပါα€α€š်။
✴Application Recognition - တချို့α€žော Network ပေါ်α€™ှာα€›ှိα€”ေတဲ့ app တွေα€Ÿာ bandwidth တွေα€€ို ထများα€€ြီး α€žုံးα€…ွဲα€”ေတာα€™ျိုးတွေ၊ α€™α€žα€™ာတဲ့α€”α€Š်းα€œα€™်းα€”ဲ့ α€™ိα€™ိဆီα€€ α€’ေတာ ထချα€€်α€‘α€œα€€််တွေα€€ို α€œိုချင်တဲ့ app တွေα€”ဲ့ ထခြား တပါးα€žူα€›ဲ့ ထကျိုးα€…ီးပွားα€€ို α€”ှောα€€်α€šှα€€်α€–ျα€€်α€…ီးချင်တဲ့ α€›α€Š်α€›ွα€š်ချα€€်တွေα€”ဲ့α€œွှင့်တင်ထားတဲ့ app ပေါင်းα€™ျားα€…ွာα€›ှိပါα€α€š်။ α€’ီα€œို app တွေα€€ို Block ထားα€”ိုင်ပါα€α€š်။


✴Performance Upgrade License - Firewall α€α€œုံးα€›ဲ့ α€œုပ်ဆောင်α€”ိုင်α€…ွα€™်းα€€ို α€™ျားα€žောထားα€–ြင့် Device Hardware α€”ဲ့α€žာဆုံးα€–ြတ်တာα€€ြောင့် 1Gbps throughput α€žာထောα€€်ပံ့α€”ိုင်တဲ့ Firewall αα€œုံးα€€ို 2Gbps ၊ 3Gbps α€›α€”ိုင်α€–ို့ဆိုတာ α€œုံးဝကို α€™α€–ြα€…်α€”ိုင်ပါα€˜ူး။ α€‘α€€α€š်၍ α€œိုထပ်α€œာပြီဆိုရင်α€œα€Š်း α€”ောα€€်ထပ် performance α€™ြင့်တဲ့ Device ၁ခုα€€ိုα€žာ α€α€š်α€šူရပါα€α€š်။ α€œိုင်စင်α€–ိုး ၊ Device α€–ိုးတွေပါ ထပ်ပြီး α€€ုα€”်α€€ျα€”ိုင်တာα€€ြောင့် α€€ုα€”်α€€ျα€…α€›ိတ်α€™ျားပါα€α€š်။ α€žို့α€žော် Ruijie Firewall α€™ှာဆိုရင်တော့ Performance α€€ို 3Gbps ထထိ α€œα€€်ခံα€”ိုင်တဲ့ Hardware α€€ို ထောα€€်ပံ့ပေးထားတဲ့ထတွα€€် 1Gbps ကစပြီး α€‘α€žုံးပြုα€”ိုင်ပါα€α€š်။ α€œိုထပ်α€œို့ 2Gbps ၊ 3Gbps α€žုံးချင်α€α€š်ဆိုရင်α€œα€Š်း Device α€‘α€žα€…် αα€œုံးα€α€š်α€šူα€…α€›ာα€™α€œိုα€˜ဲ Performance Upgrade License α€α€š်α€šူα€šုံα€”ဲ့ 2Gbps ၊ 3Gbps throughput performance α€€ို α€›α€›ှိα€”ိုင်α€™ှာα€–ြα€…်α€œို့ α€‘α€žα€…် αα€œုံး α€α€š်α€…α€›ာα€™α€œိုတဲ့ထတွα€€် α€€ုα€”်α€€ျα€…α€›ိတ် α€‘α€œွα€”်α€žα€€်α€žာα€™ှာα€–ြα€…်ပါα€α€š်။



0 comments:

Post a Comment