🌈🌈IGMP Snooping သုံးပြီး မိမိတို့ရဲ့ IPTV Security ကို ဘယ်လိုမြှင့်တင်မလဲ? 🌈🌈
-
GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048
-
GOLDEN TRIANGLE BROADBAND CO.,LTD BOGYOKE STREET, NO.2 WEIN KYAUK WARD, TACHILEIK TOWNSHIP, SHAN STATE, MYANMAR. Ph: 09899995755, 09456499350, 09693030048
-
HIKVISION CCTV TRAINING TACHILEIK
GTB မှပထမဆုံးအကြိမ်ပြုလုပ်သော CGSA Certificate (HIKVISION CCTV TRAINING TACHILEIK)ကိုအောင်မြင်စွာကျင်းပပြီးစီးကြောင်း May 20 2023
🌈🌈IGMP Snooping သုံးပြီး မိမိတို့ရဲ့ IPTV Security ကို ဘယ်လိုမြှင့်တင်မလဲ? 🌈🌈
🌈🌈Ruijie Reyee Captive Portal သို့ ဝင်ရောက်နိုင်သည့် နည်းလမ်း (၅) မျိုး 🌈🌈
✡✡Hikvision 16 Port Fast Ethernet Unmanaged POE Switch✡✡☀DS-3E0318P-E/M(B)☀
✡✡Hikvision 2 MP Exir Fixed Dome Network Camera✡✡✳️ DS-2CD1123G0E-I ✳️
🌈🌈Hotel Guest Room တွေမှာ Wall AP ကိုဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ? 🌈🌈
🌈🌈Hotel Guest Room တွေမှာ Wall AP ကိုဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ? 🌈🌈
+++++++++++++++++++++
✅ မိတ်ဆွေအနေနဲ့ နံရံထူတဲ့အခန်းဖွဲ့စည်းမှုရှိတဲ့ ဟိုတယ်တချို့မှာ Ceiling AP တပ်ဆင်အသုံးပြုလို့ အဆင်မပြေဖြစ်နေလား .. ? ဒါဆိုရင်တော့ ဒီပို့စ်လေးကို အဆုံးထိ ဆက်ဖတ်ပါ.. ဒီပို့စ်လေးမှာ Wall AP ဘာကြောင့် အသုံးပြုသင့်လဲဆိုတာ ဝေမျှပေးမှာဖြစ်လို့ မိတ်ဆွေတို့အတွက် များစွာ အထောက်အကူပြုမယ်ဆိုတာ အသေချာပါပဲ..
✅ Ceiling AP တွေဟာ သာမန် အထူရှိတဲ့ အခန်းမျိုးကို ကောင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပေမယ့် အရမ်းထူတဲ့ အခန်းဖွဲ့စည်းပုံမျိုးတွေမှာ အခန်းတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အရမ်းကို ခက်ခဲပါတယ်။ တချို့ ဟိုတယ်တွေမှာတော့ Budget ကြည့်ပြီး ဝိုင်ဖိုင်နည်းနည်း သုံးလို့ရရင် ပြီးရောဆိုတာမျိုး တွေးပြီးတော့ Customer Experience ကောင်းသည် ၊ ဆိုးသည်ကို သိပ်မကြည့်တတ်ကြတာမျိုးလဲရှိပါတယ်။ ကျွန်တော်လည်း ဟိုတယ် တော်တော်များများမှာ ကြုံဖူးပါတယ်။ အခန်းထဲမှာ တံခါးပိတ်လိုက်တဲ့အခါ Zoom ဆက်သုံးလို့မရတော့တာမျိုး၊ အဝိုင်းလည်တာမျိုးတွေပါ.. တကယ်တော့ ဒီပြဿနာတွေဟာ လာရောက်တည်းခို၊ လည်ပတ်တဲ့ Customer တွေကို များစွာ စိတ်အနှောက်ယှက်ဖြစ်စေပါတယ်။ နောက်တခုအနေနဲ့ ယနေ့လို IT ခေတ်ကြီးမှာ ဟိုတယ် တခုရဲ့ Image ဟာ ဝိုင်ဖိုင် ဘယ်လောက်ကောင်းသလဲဆိုတာ အပေါ်များစွာ မှီတည်နေပါတယ်။ တချို့ ဟိုတယ်တွေဆို Bad Review ပေးခံရတာမျိုးတောင်ရှိလို့နေပါတယ်။
✅ Wall AP လို့ပြောလိုက်ရင် များသောအားဖြင့် ကျွန်တော်တို့ SI / Instaler ညီကို မောင်နှမတွေအနေနဲ့ နံရံကပ် AP လို့သာ မြင်တတ်ကြပါတယ်။ တကယ်တော့ WAll AP တွေဟာ နံရံကပ် AP တလုံးထပ်ပိုတဲ့ ထူးခြားမှု / အားသာချက်တွေ ရှိလို့နေပါတယ်။ ဒါ့ကြောင့်လဲ နိုင်ငံတကာမှာရှိနေတဲ့ ဟိုတယ် အိပ်ခန်းအများစုမှာ Wall AP တွေကို International Standard အဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါဆို Wall AP မှာ ဘာဘားသာချက်တွေရှိလဲ .. ? ပထမဆုံး အချက်အနေနဲ့ကတော့ ကျွန်တော်တို့ SI / Installer တွေအနေနဲ့ Wall AP ကိုရွေးချယ်အသုံးပြုခြင်းအားဖြင့် Coverage ပိုင်းနဲ့ Internet အသုံးပြုရတဲ့ အပိုင်းတွေမှာ သိသိသာသာ အဆင်ပြေလာတာမျိုးတွေ့ရပါလိမ့်မယ် .. အခန်းတံခါးပိတ်ထားပေမယ့်လည်း ဝိုင်ဖိုင်မကောင်းမှာ ၊ အင်တာနက် သုံးလို့မရမှာ စတာတွေကို ပူစရာမလိုတော့ပါဘူး. Wall AP တွေဟာ အခုလို သာမန်မဟုတ်တဲ့ အလွန်ထူတဲ့ အခန်းဖွဲ့စည်းပုံမျိုးအတွက် အထူးကို သင့်တော်ပါတယ်။ နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ Customer တွေရဲ့ စိတ်ကြေနပ်မှုကို ရရှိနိုင်ပြီး ကိုယ့်ဆီမှာ Loyal Customer တွေများများရှိလာနိုင်ဖို့ ၊ မိမိ ဟိုတယ် Rating ကောင်းကောင်းရနိုင်ဖို့လည်း များစွာ အထောက်အကူ ဖြစ်စေမှာပါ..
✅ ဒီနေရာမှာ တချို့တော်တော်များများရဲ့ concern ကတော့ Budget ပြဿနာပါ။ ကျွန်တော် Solution ပေးလိုက်ရင်လည်း များသောအားဖြင့် SI ညီကိုမောင်နှမတွေအနေနဲ့ budget ကိုကြည့်ပြီး နောက်ဆုံးမှာ Ceiling AP ကိုသာ ရွေးသွားတာမျိုးရှိပါတယ်။ ဒါကလည်း တချို့ ပရောဂျက်တွေမှာ ဝိုင်ဖိုင်ပဲလုပ်ရတာမျိုး၊ Budget များများမချပေးတာမျိုးတွေကြောင့် မရွေးဖြစ်တာမျိုးလဲဖြစ်နိုင်ပါတယ်။ သို့သော် ဟိုတယ် အသစ်တခု (သို့) Migration လုပ်ရမယ့် အခါမျိုးမှာတော့ Wall AP ကို အသုံးပြုသင့်ပါတယ်။ ဟိုတယ် အများစု Migrate လုပ်ချင်တာသည် နံပါတ် ၁ အနေနဲ့ လိုင်းမကောင်းတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိအနေနဲ့ ဝိုင်ဖိုင် လွှမ်းခြုံမှုကောင်းမွန်ပြီး ပြတ်တောက်ခြင်းမရှိတဲ့ အင်တာနက် အတွေ့အကြုံပေးစွမ်းနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမျိုးမှာ Wall AP ကို ရွေးချယ်သင့်ပါတယ်။ Bonus Tip အနေနဲ့ ထပ်ပြီး အကြံပြုချင်တာကတော့ မိမိ Migrate လုပ်ရမယ့် ဟိုတယ်အခန်းတွေမှာ RJ45 Port အနည်းဆုံး 1 Port ရှိလားဆိုတာ အရင်ဆုံး ကြည့်ပါ။ များသောအားဖြင့်တော့ IP ဖုန်းသုံးထားတယ်ဆိုရှိနေတတ်ပါတယ်။ တချို့တွေကတော့ customer တွေအတွက် သီးသန့်ထားပေးထားတာမျိုးလဲရှိပါတယ်။ ဒီ Port ကို အသုံးချပြီး ကျွန်တော်တို့ ညီကိုတွေ အနေနဲ့ Wall AP ကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကြိုးလဲထပ်ဆွဲစရာမလိုတော့ပါဘူး.. ဒါ့ကြောင့် ဒီလို Solution ကိုလည်း အကြံပြုပေးနိုင်ဖို့ idea ပေးလိုက်ရပါတယ်။
✅ အကယ်၍ ကိုယ်က ဟိုတယ် အသစ်ကို တာဝန်ယူရတယ်ဆိုရင်တော့ Wall AP တွေဟာ ပိုပြီးသင့်တော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ Wall AP တွေမှာ ပါဝင်တဲ့ LAN Port တွေကနေပြီးတော့လည်း IPTV ၊ IP Phone Service တွေအပြင် တချို့ လနဲ့ချီငှားနေကြသူများအတွက်လည်း LAN Cable ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် Cabling Cost ကိုလည်း Reduce ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Wall AP ကို ပါဝါ/ ဒေတာ ပေးနိုင်ဖို့ပဲ စဉ်းစားဖို့လိုပါတယ်။ အခြား IP device တွေကို patch Cord လေးသာ ဝယ်ပြီး ထပ်တိုးအသုံးပြုလို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန််တော်တို့အနေနဲ့ IP Phone အတွက် ကြိုးတွေ သီးသန့်ဆွဲနေဖို့ မလိုအပ်တော့ပါဘူး၊ တချို့သော ကျွန်တော်တို့ Wall AP တွေမှာ PoE Out ပါထောက်ပံ့ပေးထားလို့ IP Phone အတွက် ပါဝါ ပေးထားနိုင်ပါသေးတယ်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မီးပျက်ခဲ့သည်ရှိသော် Network ပိုင်းမှာ ရှိတဲ့ Infra မှာ UPS တွေကို အသုံးပြုကြလေ့ရှိတာကြောင့် အရေးအကြောင်းဆို IP Phone က ဆက်လက်အသုံးပြုနေနိုင်တဲ့အတွက် မိမိလိုအပ်တဲ့ emergency call ကို အလွယ်တကူ ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။
✅ တချို့ customer တွေဟာ Budget ကြည့်လေ့ရှိတာ ကျွန်တော်ရဲ့ ၇ နှစ် ၈ နှစ်တာ အတွေ့အကြုံအရလည်း သိရှိထားပြီးဖြစ်ပါတယ်။ သို့သော် SI/Installer ကျွမ်းကျင်ပညာရှင်များအနေနဲ့ csutomer တွေကို နားလည်လက်ခံနိုင်အောင် နည်းပေး၊ လမ်းပြ ၊ အကြံပြုတာမျိုးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အခုလို သာမန်ထက် ပိုထူတဲ့ နံရံဖွဲ့စည်းမှုရှိတဲ့ အခန်းတွေမှာ ceiling AP တွေကိုပဲတပ်ဆင်အသုံးပြုမယ်ဆိုရင်တော့ လိုင်းသုံရအဆင်မပြေတဲ့အခါမျိုးမှာ ကိုယ့်ကြောင့်ဆိုပြီး ပြောလာနိုင်တာမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် မိမိတို့ ပညာရှင်များအနေနဲ့ တတ်နိုင်သလောက် customer တွေကို ဆွေးနွေးအကြံပြုသင့်ကြောင်းလဲ ချစ်ခင်စွာ မျှဝေပေးလိုက်ပါတယ်။
👉👉Facebook တွင်လည်း Like and Follow လုပ်ထားပေးပါဦးခင်ဗျ
https://web.facebook.com/gtbcctv/
✨ဒီလို အရည်အသွေးမြင့်တဲ့ Wireless Bridge တွေနဲ့ အခြား Network, CCTV, Router, Switch, Wifi 6 စသည့် ပစ္စည်းများနှင့် ဆက်ဆက်ပစ္စည်းများကို GTB CCTV အားလုံးရရှိနိုင်ပါတယ်ဗျ✅
🙏CCTV တပ်ချင်တာဖြစ်ဖြစ်၊ Internet လိုင်းတပ်ဆင်အသုံးပြုချင်တာပဲဖြစ်ဖြစ်
Network ပစ္စည်းမှားလိုအပ်တာဖြစ်ဖြစ် GTB CCTV ကိုသာဖုန်းဆက်လိုက်ပါဗျ✅
🏭 HIKVISION CCTV SHOWROOM (TACHILEIK)🏭
📍 No.(2)/Bo Gyoke Main Street , Win Kyauk Qur ,Tachileik ,SHAN(EAST).
📲 09-899995755 (Office), 09-456499350 (Myanmar) , 0624413326(Thai)
#Ruijie
#RuijieReyee
#HIKVISION
#hikvisioncctv
#mikrotik
#CCTVTachileik
#TachileikGTB CCTV
#CCTVတာချီလိတ်
#Tachileik
#တာချီလိတ်CCTV
#တာချီလိတ်cctv
#cctvတာချီလိတ်
#တာချီလိတ်wifi
#Internetတာချီလိတ်















